အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

အိမ်မဲ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Book Club အဖွဲ့ မှ စာရေးဆရာ နတ်သျှင်၊ ရွှေဂူ၏ အနာဂတ်ကိုမျှော်တွေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များက စာရေးဆရာနတ်သျှင်၊ ရွှေဂူ၏ အနာဂတ်ကိုမျှော်တွေးပါစာအုပ်မှ အနာဂတ်ကို မျှော်တွေးပါ၊ လူငယ်တို့အတွက် ပြင်ပစာသင်ခန်း၊ ကျေးဇူးတင်တတ်ဖို့လိုပါတယ်၊ မိတ်ကောင်းဆွေကောင်းနဲ့ အရည်အချင်းခေါင်စဥ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်း၊ Talk Show ၊ ပြပွဲ ပြိုင်ပွဲများဖြင့် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။

ချစ်သက်လယ် (အိမ်မဲ)