ပေါင်မြို့နယ်တွင် ရေသယံဇာတအ‌ကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

ပေါင်    ဒီဇင်ဘာ   ၂၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ရေချိုသယံဇာတထိန်းသိမ်းရေး အ‌ကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့နေ့လယ်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်ဖြိုးမို့အောင်က ရေသယံဇာတနှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ လူသားနှင့်အပင်တို့အတွက် ရေဟာ ဘယ်လောက်ထိ အရေးပါပုံ၊ လူသားနှင့်အပင်တို့အတွက် အလွန်အရေးပါလှတဲ့ သယံဇာတ တစ်ခုဖြစ်တဲ့ ရေကိုအရင်းအမြစ်တွေကနေ ရရှိနိုင်ပုံ၊ သက်ရှိလောကအတွက် အလွန်အရေး ကြီးတဲ့ ရေသယံဇာတများ တစ်နေ့တစ်ခြား ရှားပါးလာရတဲ့ အကြောင်းအရာများ၊ လူသားတွေနဲ့ သက်ရှိလောက တစ်ခုလုံးဟာ ရေထုညစ်ညမ်းမှုအပြင် ရေရှားပါးလာနေတာကို ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ရေချွေတာသုံးစွဲသင့်သည့် အချက်များ  စသည့် အ‌ကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများ အသိပညာများ တိုးပွားစေရန် ရည်ရွယ်ပါသည်။

မြို့နယ်(ပြန်/ဆက်)