အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်

အမရပူရ ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ၁၁ နာရီအချိန်က စာရေးဆရာ ဒေါက်တာသိန်းလွင်၏ ကလေးကိုချစ်ရင်မခြောက်ပါနဲ့စာအုပ်ကိုစာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရှင်းလင်းပြောကြားသည်။ ထို့နောက် အမရပူရမြို့နယ်စာရေး ဆရာအသင်းနာယက စာရေးဆရာဦစိန်မောင်သန်းက စာအုပ်ပါအကြောင်းအရာများမှ ကလေးတို့၏ စရိုက်သဘာဝ၊ ပြုမူပေးရမည့်အချက်များကိုဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များက ကလေးများနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်းသိရသည်။ ယင်းနောက် ပြုလုပ်မည့်စာဖတ်ဝိုင်းအတွက် စာအုပ်ရွေးချယ်ခြင်း၊ ရက်သတ်မှတ်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)