နယ်ရုံးများ၏သတင်းများ

Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စာဖတ်သည့် အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌ရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို စာအုပ်စာစောင် ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အကြောင်းသိကောင်းစရာ Talk Show အစီအစဉ်ရိုက်ကူးခြင်းအား တောင်ကြီးခရိုင်၊ ရပ်စောက်မြို့  နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ရိုက်ကူးသည်။
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နှင့် မြို့နယ်စာရေးဆရာ အသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 16,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 16,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊‌ ကျောင်းသူများ အမျိုးသားရေး စိတ်ဓာတ် နိုးကြားလာစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက အင်းစိန်မြို့နယ်၊ အ.ထ.က(၁) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် လူထုစိန်ဝင်းရေးသားထားသော လူကြီးလူငယ်ကွာဟမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။