ကရသူရိမြို့၌ ပင်လယ်ရေထွက်(ဂျင်း)ခရုဈေးကောင်းရရှိနေ

ကရသူရိ ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပင်လယ်ရေထွက်ခရုအမျိုးအစားထဲမှ လူကြိုက်အများဆုံးဖြစ်သည့် (ဂျင်း)ခရုသည် ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

“အများကတော့ (ဂျင်း)လို့ခေါ်ကြတယ်။ ခရုအမျိုးအစားထဲကတစ်မျိုးပါဘဲ။ လူကြိုက်များတဲ့ အစားအစာဖြစ်လို့ ဈေးကောင်းရရှိသလို ရှားပါးလာတော့ ရှာဖွေရတာလည်းမလွယ်ကူတော့ဘူး။ ယခင်နှစ်က ဂျင်း (1Kg)တစ်ကီလို ၂၄၀၀ ကျပ်သာရရှိပြီး ဒီနှစ်ကတော့ ၄၂၀၀ ကျပ်ပေးပြီး အဝယ်ဒိုင်တွေက လိုက်ဝယ်နေကြတယ်။ ဒါပေမယ့် ဂျင်းရှာဖွေသူတွေကတော့ တစ်နေ့ ၂ ကီလို ရဖို့ဆိုတာမလွယ်ကူပါဘူး” ဟု ဒေသခံ ဂျင်း ရှာဖွေသူတစ်ဦးကပြောသည်။

အဆိုပါ ဂျင်းကို ရွှံနွံ့တောများ၊ သဲနုစပ်များနှင့် သဲသောင်တို့တွင် ရှာဖွေရရှိနိုင်ပြီး စီးပွားဖြစ်ဂျင်းမွေးမြူးရေးလုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)