ပန်ဆိုင်း ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူချွန်သောကလေးများဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၁)ဦးတို့မှ စိတ်ဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက်ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင်သူများအားလုံးကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)