မိုင်းယု ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ယှဉ်ပြိုင်ကစားပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို နယ်ခြားအသင်း၊ ပညာရေးအသင်း၊ ဟိုခိုအသင်း၊ မြို့မအသင်း၊ တာကြန့်အုပ်စုအသင်း၊ နမ့်နော်အသင်း၊ ဒွန်းနွဲ့အုပ်စုအသင်းနှင့် လမ်းဦးစီးဌာနအသင်း စုစုပေါင်းအသင်း(၈)သင်းဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ နံနက်ပိုင်းနှင့် ညနေပိုင်းဖြင့် အုပ်စုအလိုက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အားချာ