ရွှေပြည်သာ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ (၁၁) နာရီခွဲအချိန်တွင် စာပေချစ်မြတ်နိုးသူသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားထားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်မှ ကလေးများနှင့် ပက်သက်သော အကြောင်းအရာများအား ဖတ်ကြား၍ အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)