မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ ဆရာ လူထုစိန်ဝင်း ရေးသားသည့် ပညာနဲ့လူမျိုးကိုစောင့်ရှောက်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ (Book Club) အဖွဲ့ဝင် ဦးလှမိုး (စာရေးဆရာချမ်းမြေ့အေး)က “ပညာနှင့်လူမျိုးကိုစောင့်ရှောက်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဆရာဦးညိုက “ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုတန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအံ့ထူး(ပြည်ကြီး)က “ကလေးတွေကိုကြင်နာပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နှင်းဆီက “စာရိတ္တပညာနဲ့ပြည်သူ့နိတိ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော (Book Club)အဖွဲ့များက သိရှိလိုသည်များကို မေးမြန်းကြရာ (Book Club) အဖွဲ့ဝင် စာရေးဆရာများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)