ရသေ့တောင် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများ လုပ်ငန်းအရည်အသွေးတိုးတက်စေရန်၊ စာကြည့်တိုက်လုပ်ငန်းများပိုမိုသိရှိနားလည်လာစေပြီး ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်လာစေရန် ရည်ရွယ်လျှက်စာကြည့်တိုက်လုပ်ငန်းစီမံခန်းခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုသိရှိနားလည်လာစေရန်အတွက် စာဖတ်ဝိုင်းများကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင် းလင်း ပြောကြားပြီး မျိုးတူစုပြုရာတွင် အထောက်အကူပြုသည့် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်ရုပ်သံကျမ်းကျင်(၃)ဦးအောင်သိန်းဝေက စာစုလုပ်ငန်းနှင့် စာပြုလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ လုပ်သား(ရုပ်သံ) ဒေါ်အေးအေးခင်က ကတ်တလောက် လုပ်ငန်းတွင် လုပ်ဆောင်ရမည့်အချက် အလက်များအား ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက် လုပ်ငန်းလက်စွဲစာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)