ဆွမ်ပရာဘွမ် ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုမှန်ကန်ရေး အသိပညာပေးTalk Show ဆွေး နွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှု မှန်ကန်ရေးအသိပညာပေး Talk Show ဆွေးနွေးခြင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လဝကဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ရှေးဦးစွာ မြို့နယ် ပြန်/ဆက ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး
မြို့နယ်လဝကဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းက မိမိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အိမ်ထောင်စုစာရင်းများကို မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရာတွင် သတ်မှတ်ပုံစံဖြင့် အိမ်ထောင်စုစာရင်းများ မှန်ကန်မှုရှိစေရန်၊ ပြောင်းဝင်၊ ပြောင်းထွက်စာရင်းများ၊ မွေးဖွား၊ သေဆုံးစာရင်းများမှန်ကန်မှုနှင့် ခရီးလွန်သူများ၏ အိမ်ထောင်စုစာရင်းများမှန်ကန်မှု မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုလုပ်ငန်းကို ဇန်နဝါရီ ၉ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
April moe (ဆွမ်ပရာဘွမ်)