မင်းလှ ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ပညာနှင့် ကန်တော့ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေး ဆရာအသင်းအဖွဲ့ဝင် ဘီအောင် (မင်းလှ)က စာရေးဆရာ အောင်သင်းရေးသားသည့် ပညာနှင့်ကန်တော့ခြင်းစာအုပ်မှ သုတနှင့်ပညာ၊ လမ်းဘေးမှာတွေ့ခဲ့ရတဲ့ မိန်ကလေး၊ ပညာနှင့်ကန်တော့ခြင်း၊ ကုန်စိမ်းသည်မလေးတွေအပါအဝင် အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ကြခဲ့သည်။
ပေါက်စ(မင်းလှ)