ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးငယ်များကာယစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အာရုံစူးစိုက်လေ့လာမှု၊  ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီးနောက် လက်ဆင့်ကမ်းဘောလုံးသယ်ပြိုင်ပွဲနှင့် အိတ်စွပ်ခုန်ပြိုင်ပွဲကို ကျင်းပရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

ကေခိုင်ဝင်း(ပြန်/ဆက်)