ဟိုပန် ဇန်နဝါရီ ၁၁
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှု့လေ့လာသူ ပိုမိုတိုးပွားစေရန်နှင့် ကျောင်းသား/သူများအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိနိုင်စေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက ဟိုပန်မြို့နယ်၊ မန်ကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာ၌ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေါ်နန်းခင်စန်းဝေ (ရုပ်သံကျွမ်းကျင်-၃)နှင့် ဝန်ထမ်းများက အမက(မန်ကောင်း)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များကို ယခင်လက ငှားရမ်းပေးထားသည့် သုတ/ရသ စာအုပ်များအား ပြန်လည်အပ်နှံလက်ခံပြီး ယနေ့တွင် မဂ္ဂဇင်း(၁၅)အုပ်နှင့် ပညာရပ်(၁၅)အုပ် စုစုပေါင်း သုတ၊ ရသ စာအုပ် (၃၀)အုပ်အား အခမဲ့ ပြန်လည် ငှားရမ်းပေးခဲ့သည်။
ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ လစဉ်သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)