ကျောက်ကြီးမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျောက်ကြီး ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း ပတ်သက်ပြီး မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောကျော်မင်းဦးက မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ အန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ၊ ဆေးခြောက်သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်အန္တရာယ် လျော့ချရေးနည်းလမ်းများ၊ ကျောင်းသား လူငယ်များနှင့် လူထုအလွှာအသီးသီးမှ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိကို လူငယ်များကြိုတင်သိရှိပြီး ရှောင်ရှားကြစေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးလုပ်ငန်းများ ကိုပိုမိုဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်