မိုင်းငေါ့ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့နံနက်(၁၀)အချိန်ခန့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် က ယနေ့လူငယ်များသည် အနာဂတ် ခေါင်းဆောင်များဖြစ်ကြောင်း၊ မိမိ၏အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ရန်၊ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေဗဟုသုတများရရှိရန်၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ အလိမ္မာစာမှာရှိဟူသော ဆောင်ပုဒ်များနှင့်အညီ စာပေဗဟုသုတများကို လေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ တာလုံ အ.မ.က ကျောင်းမှ ဆရာ၊ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၃၃) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်သွယ် (ပြန်/ဆက်)