ကေ့ာကရိတ် ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူလူငယ်လေးများစာကြည့်တိုက်ကိုရင်းနှီး ကျွမ်းဝင်စေရေး၊ ဗလငါးတန် ဖွံ့ဖြိုးရေး၊ ကာယဉာဏစွမ်းရည်တိုးတက်စေရေး၊ ပူးပေါင်းဆောင်ရွက်တက်စေရေး၊ စဉ်းစားတွေးခေါ် တက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့ သည်။
ထိုသို့ပြုလုပ်ရာတွင် မိရထားတွဲကစားနည်း၊ ပစ္စည်းသယ်ကစားနည်း၊ ဘောလုံးပစ်ဖမ်းကစားနည်းတို့ဖြစ်ပြီး ကျောင်းသားကျောင်းသူလူငယ် လေးများမှ ပျော်ရွှင်စွာပါဝင် ကစားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ အမက(၁၃)ကျောင်းမှ ဆရာမများ၊ ကျောင်းသားကျောင်းသူလူငယ်လေးများ စုစုပေါင်း(၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)