စုကလိမြို့တွင်ကလေးအလုပ်သမားများနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များအကြောင်း အသိပညာပေး Talk show ပြုလုပ်

စုကလိ ဇန်နဝါရီ ၂၅

ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အသိပညာပေး Talk Show များ ဆောင်ရွက်ရာတွင် ယနေ့နံနက် ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centerတွင် ကလေးအလုပ်သမားများနှင့် အန္တရာယ်ရှိသောလုပ်ငန်းခွင်များအကြောင်း အသိ ပညာပေး Talk Show အား ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးမှစာကြည့်တိုက် လက်ထောက်-၃ဒေါ်ပိုပိုအောင်က ကလေးအလုပ် သမားများ၏ အသက်အရွယ်အပိုင်းအခြား၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသောအန္တရာယ်၊ လမ်းတံတား လုပ်ငန်းများတွင် လုပ်ကိုင်နေရသော ကလေးအလုပ်သမားများ၊ ကားလမ်းများပေါ်တွင် စျေးရောင်းနေရသော ကလေးငယ်များ အနေဖြင့်မိမိတို့ရင်ဆိုင်လုပ်ကိုင်နေရသော လုပ်ငန်းခွင်များအပေါ် တွင် မိမိတို့ခွန်အားနှင့် တန်သောလုပ်အားခငွေကြေး ရရှိစေရေးနှင့် တစ်စုံတစ်ရာအန္တရာယ် ဖြစ်ပေါ်လာပါက မိမိတို့အပေါ်ကာကွယ်ခုခံပိုင်ခွင့်များအကြောင်းတို့ကိုလည်းကောင်း အပြန် အလှန်မေးခွန်းများဖြင့် ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး Talk Show အား We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်(စုကလိပြန်/ဆက်)