စဉ့်ကိုင်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အ-ထ-က(စဉ့်ကိုင်)၌တတိယအကြိမ်မြောက် လူငယ်စကားဝိုင်းကျင်းပ

စဉ့်ကိုင်  ဇန်နဝါရီ  ၂၅

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ လူငယ်စကားဝိုင်းများကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက် တန်းကျောင်း သဇင်ခန်းမဆောင်တွင်ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမဒေါ်မြင့်မြင့်ခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက လူငယ်များဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားစေရန်၊ ပါ၀င်ဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ နိုင်ငံ့ခေါင်းဆောင်လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းကဦးဆောင်၍ လူငယ်စကားဝိုင်းကို ပြုလုပ်ခဲ့ရာ မဂျူးဂျူးမောင်(G-10 C)က လူငယ်နှင့်အနာဂတ်ပညာရေး၊ မောင်သူရိန်ထွန်း(G-10C)ကလူငယ်နှင့်ကိုယ်ကျင့်တရား၊ မဇာပိုးဖြူ(G-10 C)ကလူငယ်နှင့်စာဖတ်ခြင်း၊မစန္ဒီထွန်း(G-10-D)က လူငယ်နှင့်မူးယစ်ဆေးဝါး၊ မဆုမွန်မွန်အောင်(G-10 C)ကလူငယ်နှင့်ဘက်စုံဖွံ့ဖြိုးရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း  ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပါ၀င်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေး အပ်ခဲ့ပြီးအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)မှ ဆရာ/ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်