ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်စေရေး Youth Club လူငယ်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ဘူးသီးတောင် ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “စာကောင်းပေကောင်း၏ အရသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် Youth Club အဖွဲ့ဝင် မောင်သန့်ဇင်ထွန်းက စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် စာဖတ်သူတိုးပွားလာစေရန် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိလာသည့် အသိပညာဗဟုတများကို ပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)