တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ယမန်နေ့ ညနေ နာရီ က ကျင်းပသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲတွင် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဇော်ချစ်ထက်က မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းစားများ၊ မီးငြှိမ်းသတ်နည်း (၄)နည်းနှင့် ဂက်(စ်)အိုး မီးငြှိမ်းသတ်နည်းများအား ရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများကို အသိပညာပေးဟောပြောသည်။

မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)