မုဒုံ ဖေဖော်ဝါရီ ၃
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် လူအများရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀) နာရီက မုဒုံမြို့နယ် အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကိုကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့်အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ၊ လူငယ်/လူရွယ်များ လိုအပ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံံ့တာဝန်များကိုဆက်လက် ထမ်းဆောင်ကြမည့် ကျောင်းသား/သူများ အချင်းချင်းရင်းနှီးခင်မင်ပြီး ယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းနှင့် မြို့နယ်အားကစားမှူး ဒေါ်နွယ်နီစံတို့က ဆောင်ရွက်ခဲ့ပြီး အ.ထ.က(ခွဲ) Grade(7)မှ မနန္ဒာလင်းမှ လူငယ်နှင့်ပညာရေး၊ မောင်လင်းဇေယျာအောင်မှ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ မောင်ပိုင်ဇေမှ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ မနှင်းသဇင်မှ လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်း ဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မုဒုံသူ