တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

တံတား ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအ​ကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တံတားမြို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က စာဖတ်ခြင်းသည် ဗဟုသုတကို ရရှိစေသည်မဟုတ်ဘဲ စိတ်ယဉ်ကျေးမှုကိုပါ တိုးတက်ပြောင်းလဲစေနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် လူ့သဘာဝကို ပိုမိုနားလည်လာနိုင်ကြောင်း၊ လူအများကို ပိုမိုစာနာတတ်ကြောင်း၊ လူ့သမိုင်းပြောင်းလဲမှုအတွက် တွေးတောကြံဆ တတ်ကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ သဘောတရားအမြင်အမျိုးမျိုးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နားလည်လာနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် ရသခံစားချက်ကိုသာမက ဗဟုသုတကိုပါရရှိနိင်ကြောင်း၊ မိမိဘဝကိုပြောင်းလဲလိုလျှင် စာဖတ်ခြင်းကို အလေ့အကျင့်လုပ်သင့်ကြောင်း၊ စာဖတ်ဝါသနာကိုပျိုးထောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်ထောင်စုနေ့နှင့်ပတ်သတ်သည့် စာအုပ်စာစောင်များ၊ သုတ၊ ရသ၊ စာအုပ်များအား ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)