တံတားဦး ဖေဖော်ဝါရီ ၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား (၇၆)နှစ်မြာက် ပြည် ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲတို့ကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့စာကြည့် တိုက် (Community Centre ) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဉာဏ်စမ်းပဟေဠိ ကျင်းပရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုသုတများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများတိုးပွား ကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိဉာဏ် ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားပြီးအားလပ်သည့်အချိန်များတွင် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့် ကျောင်းသား/သူများက ဉာဏ်စမ်းပဟေဠိကိုဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနေ့နှင့် ပြည်ထောင်စုနေ့ အကြောင်းအရာများအား နံရံကပ်စာစောင်များနှင့်မှတ်တမ်းဓာတ်ပုံကို စိတ်ဝင်တစား လေ့လာကြည့်ရှုအားပေးကြသည်။
တံတားဦးမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအနေဖြင့် အသိပညာဗညာဗဟုသုတရရှိရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက်(Community Centre)ခန်းမ၌ ဟောပြောပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)