နယ်ရုံးများ၏သတင်းများ

Jan 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
Jan 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Jan 02,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထက်လယ်မူအဆင့် ကဗျာရွတ်၊ စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 02,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသခြင်းတို့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 29,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (ပြည်) တို့ ပူးပေါင်း၍  AIနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
Dec 23,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့က လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးပတ်ဝန်းကျင်နှင့် မီးရထားဘူတာရုံတို့တွင် ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
Dec 22,2025
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
Dec 18,2025
ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူလူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်နှင့် စာပေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။