နယ်ရုံးများ၏သတင်းများ

Sep 23,2024
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Sep 21,2024
ကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယမန်နေ့ညနေ ၇ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့မမြောက်ရပ်ကွက်၊ တွင်းကုန်းရပ်ကွက်နှင့် ညောင်လှရပ်ကွက်များတွင် မြေသားပျော့အိ၍ သစ်ပင်လဲကျမှုများ ဖြစ်ပွာခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဆောင်အား အမြင့်ပေ ၁၃ ပေခန့်နစ်မြုပ်ခဲ့သည်။
Sep 21,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့သည်။
Sep 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးရေလျှံမှုကြောင့် ကလောမြို့နယ်စည်ပင်သာယာရေး ဌာနမှ မြို့သောက်သုံးရေဖြန့်ဝေပေးသော အင်းပြင်ရေထွက်မှ ရေပေးဝေရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
Sep 20,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က ကရင်ဝင်းစိန် အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
Sep 20,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။