မြောက်ဥက္ကလာပ ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် အမှတ် (၄) အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မုန့်ကိုက်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြုင်ပွဲ၊ ရေခပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ရေခွက်ရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံး၊ မီတာ ၁၀၀ အပြေး၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း မီတာ ၂၀၀ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲ မီတာ ၂၀၀ အပြေးပြိုင်ပွဲစသည့် အားကစားနည်းမျိုးစုံကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)