နယ်ရုံးများ၏သတင်းများ

Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြော‌ဆွေးနွေး ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 19,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝ‌ဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း ချေးငွေ နဝမအကြိမ် အသင်းသား(၇၈)ဦးအတွက် ချေးငွေသိန်း(၄၂၀)ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပ မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းမြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် သထုံမြို့နယ်၌ အခမဲ့ ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက် သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်း ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အ.ထ.က မင်းလှ(မြို့ပြင်) ကျောင်းတွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။
Sep 19,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ က အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ - ၇ ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။