စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

စမ်းချောင်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဆရာတက္ကသိုလ် ဟန်မင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊  ဆရာမ ညွန့်ညွန့် (ကလော) က မုဒိတာစကားပြောကြားခဲ့သည်။ ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

စာဖတ်ဝိုင်းတွင် ဆရာတက္ကသိုလ် ဟန်မင်းဦး၏ အမေအမှတ်တရ အမေသိနှင့် လေသလား၊ ဆရာမ မဝေ (သူဖြူဖြိုး)၏  နောင်ခါလာ နောင်ခါ‌ဈေး၊ ဆရာမ နန်းဝေ (ပျူပုတီး) ၏ ဆန္ဒတစ်စုံ၊ ရသ၀တ္ထုတိုအား  ဖတ်ကြားဆွေးနွေးခဲ့ရာ  တက်ရောက်လာသော Book Club အဖွဲ့ဝင်များက တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ​ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)