ကြို့ပင်ကောက်မြို့၌ ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ကြို့ပင်ကောက် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့က လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးပတ်ဝန်းကျင်နှင့် မီးရထားဘူတာရုံတို့တွင် ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတာဝန်ကျေပွန်စေရေးအတွက် မိမိတို့၏ မဲစာရင်းပါရှိရာမဲရုံများတွင် မဲပေးခြင်းကို ဆောင်ရွက်သွားနိုင်စေရန် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ဆက်လက်ပြီး ဟောပြောပွဲများ၊ မဲပေးစက်ဖြင့် မဲပေးနည်းသရုပ်ပြပွဲများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအစီအစဉ်များဖြင့် ပြည်သူများ မဲရုံများသို့ သွားရောက်၍ မဲပေးနိုင်ရေး လှုံ့ဆော်မှုများ အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်းပြန်ဆက်)