ပခုက္ကူ ဒီဇင်ဘာ ၂၂
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံနှင့် လက်တွေ့မဲပေးနည်းစနစ်များ၊ ဆန္ဒမဲပေးရာတွင် ဆောင်ရွက်ရမည့်ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များကို ပြသပေးထားကြောင်း သိရသည်။
ကယ်ရီမောင်