မြောက်ဦး မတ် ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ်(၂) နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်စိုးက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
စစ်တုရင်ပြိုင်ပွဲကိုမူလတန်းအဆင့် နှင့် အလယ်တန်းအဆင့် ကျောင်းသား(၂၀)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်သွားပြီးစစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ် ရည်ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင် ရာကြံ့ခိုင်ခြင်းကိုအထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ပြီးစာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်ရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန်ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများကဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)