မြို့သစ် မတ် ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာရေးဆွဲနည်းသင်တန်းကို မတ်လ ၁ ရက် နံနက် ၈ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခြေခံပန်းချီပညာရေးဆွဲနည်းသင်တန်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်း (Book Club) အဖွဲ့ဝင် ပန်းချီဆရာဦးတင်မောင်ဝင်းက ပန်းချီပညာတွင် အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်း၊ အလင်းအမှောင်၊ ပန်းချီပညာအယူအဆနှင့်ပန်းချီပညာ၏ အခြေခံစည်းမျဉ်း စည်းကမ်းများကို ကျောင်းသားကျောင်းသူများ နားလည်သိရှိစေရန် မတ်လ ၁ ရက်မှ ဧပြီလ ၆ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)