သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံ English Speaking သင်တန်းဖွင့်လှစ်

သံတွဲ   မတ်   ၆

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတတိုးပွားပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထက်တန်း၊ အလယ်တန်းအဆင့် အခြေခံ English Speaking သင်တန်းကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အလယ်တန်းးအဆင့်အခြေခံ English Speaking သင်တန်းသို့  သံတွဲမြို့ရှိ အခြေခံပညာ ကျောင်းများမှအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၅၆)ဦးအား နည်းပြဆရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးမျိုးလွင်က မတ်လ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်ပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့အထိ (၅)ရက် အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။

ခရိုင်ပြန်/ဆက်