လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ သင်တန်းများဖွင့်လှစ်

လယ်ဝေး မတ် ၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် ယမန်နေ့က သင်တန်းများ စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းများတွင် အခြေခံအင်္ဂလိပ်စာ (Grammar & Speaking) သင်တန်းအား နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိလည်းကောင်း၊ အခြေခံပန်းချီသင်တန်းအား ညနေ ၃ နာရီမှ ၄ နာရီခွဲအထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူလျက်ရှိသည်။

နွေရာသီအခြေခံဂျူဒိုသင်တန်းအား မတ်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းအမျိုးအစားအားလုံးကို မတ်လ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)