ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်

ကျောက်ဖြူ   မတ်လ    ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံကွန်ပျူတာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား/ကျောင်းသူများ  ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကွန်ပျူတာ အခြေခံသဘောတရားများကို နားလည်တတ်ကျွမ်းစေရန်ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးဖြိုးဝေလင်းတို့က သင်တန်းနည်းပြများအဖြစ် သင်တန်းသား/သင်တန်းသူ ၁၉ ဦးအား မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ ၂ ရက် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)