လှိုင် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေးနှင့် လူငယ်များကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၈)နာရီအချိန်က အေရိုးဗစ်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရဲအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးမျိုးမင်းသန်းက အားကစားနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား မတ်လ (၂၀) ရက်နေ့မှ ဧပြီလ (၁၉) ရက်နေ့ထိ အပတ်စဉ် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ နံနက် (၈) နာရီမှ (၉) နာရီထိ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား (၂၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျော်ရဲအောင်