ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ဟိုပင် မတ် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကလေးများအား အသိပညာဗဟုသုတတိုးပွါးစေရန်၊ တီထွင်ကြံဆတတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်(၁၀) နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြဇေယျာရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ် ကလေးငယ်(၁၅)ဦးတို့ကလာ ရောက် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်လင်းသွယ်သွယ်ဦးနှင့် စာပေချစ်မြတ်နိုးသူ အသင်းဝင်များက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး