မိုင်းငေါ့မြို့တွင် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မိုင်းငေါ့ မတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများမှတဆင့် အပိုဝင်ငွေရရှိစေရန်၊ အလုပ်အကိုင်  အခွင့်အလမ်းတိုးတက်စေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြစ် ငွေကြေးကုန်ကြမှု သက်သာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့ပြီး ဆပ်ပြာဆီဖော်စပ်မည့် ပစ္စည်းများ၏အကျိုး အာနိသင်နှင့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ပုံ၊ ပြုလုပ်နည်း အဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသားများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှု မှတ်သား၍ ကိုယ်တိုင်ပါဝင်လက်တွေ့ ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့၊ပြန်/ဆက်)