နယ်ရုံးများ၏သတင်းများ

Apr 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
Apr 03,2023
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပ စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိစေနိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက်က ကျင်းပပြုလုပ်ပေးခဲ့သည်။
Apr 03,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှုူး၍ နွေရာသီ အခြေခံပန်းချီပညာ သင်တန်းကို ယနေ့ နေ့လယ် (၁) နာရီက တနိုင်းမြို့နယ် (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Apr 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အခြေခံပန်းချီရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပုံတူပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့မွန်းလွဲ(၁၃:၀၀)အချိန်က Book Club  ပြန်လည် ဖွဲ့စည်းခြင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ဧပြီ(၃)ရက်နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
Apr 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။