တနိုင်းမြို့နယ်၌နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

တနိုင်း ဧပြီ ၃

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှုူး၍ နွေရာသီ အခြေခံပန်းချီပညာ သင်တန်းကို ယနေ့ နေ့လယ် (၁) နာရီက တနိုင်းမြို့နယ် (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက ပန်းချီသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ဖွင့်လှစ်‌ကြောင်း ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးကောင်းထက်လွင်က အခြေခံပန်းချီရေးဆွဲနည်းကို စာတွေ့လက်တွေ့စတင် သင်ကြားပေးသည်။

အဆိုပါ သင်တန်းသို့ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ဧပြီလ (၃) ရက်နေ့မှ (၃၀) ရက်နေ့အထိ နေ့စဉ်မွန်းလွဲ (၁) နာရီမှ (၂) နာရီခွဲအထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပန်းအိ (တနိုင်း)