နယ်ရုံးများ၏သတင်းများ

Mar 31,2023
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြဗဟိုဌာနတွင် သင်တန်း ဆင်းပွဲကျင်းပခဲ့သည်။
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအ‌ခြေခံအားကစား သင်တန်းများဖြစ်ကြသည့် မြန်မာ့သိုင်း(ဗိုဗီနမ်)၊ ဝူရှူး၊ Fitness Dance နှင့် ဘောလုံးသင်တန်း ဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ကျင်းပသည်။
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အားအပ်ချိန်၌ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ ရုပ်ပြစာအုပ်များလာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသောကလေးသူငယ်များ တိုးပွားလျက်ရှိကြောင်း သိရသည်။
Mar 30,2023
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံကွန်ပျူ တာသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပခဲ့သည်။
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာကြည့်တိုက်သို့ ပြည်သူလူထုများ စဥ်ဆက်မပြတ် စာအုပ်စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ နေ့လယ်(၁၂)နာရီအချိန်က ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပသည်။
Mar 30,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံကဗျာရေးစပ်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၂) နာရီချိန်က ဖွင့်လှစ်ပြသသည်။