မြောက်ဥက္ကလာပ ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်မြမြဝင်းက တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာခင်စောတင့် ရေးသားထားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပြီး ဆရာက “ဒီစာအုပ်က ဘာသာပြန်ဆောင်းပါးများကို ရေးသားထားတာဖြစ်ပါတယ်၊ စွန့်စားမှုဆီသို့ ခြေမလှမ်းခင် အချိန်အခါရဲ့အရေးပါမှုကို ဦးစွာဆွေးနဲ့မှာဖြစ်ပါတယ်။ ဘဝမှာ တွေ့ကြံရတဲ့ ကံမကောင်းခြင်း၊ အဆင်မပြေခြင်းတွေဟာ အချိန်အခါကို မချိန်တတ်လို့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်”ဟု ဆက်လက်ဖတ်ကြားဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)