ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပုံတူပန်းချီပြိုင်ပွဲပြုလုပ်ပေး

ဖြူး ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အခြေခံပန်းချီရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပုံတူပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ပြိုင်ပွဲများပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ယှဉ်ပြိုင်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် ရုပ်ပုံတူအား စိတ်ကြိုက်ပြန်လည်ရေးဆွဲရခြင်းဖြစ်​ပြီး မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး တက်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိသူအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)