ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ပလောက် ဧပြီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်  ၁၀ နာရီအချိန်က ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်/စာစောင်အသစ်များ သွားရောက် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)