မင်းလှမြို့တွင် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ  ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပျော်ရွှင်နိုင်ပါစေစာအုပ်မှ  ပျော်ရွှင်နိုင်ပါစေ၊သင့်ရင်ထဲက ပန်းဥယျဉ်၊ ဘဝဆိုတာ ကိုယ်ဖန်တီးတဲ့အရာ၊သူ၏စေတနာ အပါအဝင် အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်ဆွေး နွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ပေါက်စ(မင်းလှ)