ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် Book Club ပြန်လည်ဖွဲ့စည်း

ဒဂုံတောင် ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့မွန်းလွဲ(၁၃:၀၀)အချိန်က Book Club  ပြန်လည် ဖွဲ့စည်းခြင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက Book Club ဖွဲ့စည်းခြင်းဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာ ရှင်များ၊ စာဖတ်သူများ မကြာခဏတွေ့ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေအသိအမြင်များ အပြန် အလှန် နှီးနောဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့်ရည်ရွယ်ချက် ကောင်းများဖြင့် Book Club အသင်း ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများမှ ရှင်းလင်းချက်များအပေါ် ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ထို့သို့ Book Club အသင်းဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွဲဘက် အတွင်း‌ရေးမှူးနှင့်အဖွဲ့ဝင် အသီးသီးဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်အကြုံပြု ဆွေးနွေးခဲ့ကြကာ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ပြည်သူများသို့ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)