ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ဧပြီ(၃)ရက်နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည့် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစု စိတ်ဓာတ်လျော့နည်းလာခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ် ကြောင့်ကျမှုဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုး ကျိုးများဖြစ်သည့် AIDS ခေါ် ခုခံအားကျဆင်းမှုရောဂါဖြစ်ခြင်း၊ ဆေးလွန်သဖြင့် မိန်းမောစွာ အိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့်လျှင်အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ ကျင်နာ၊ အကြောသေရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရန်အတွက် ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေး၊ သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နှင်းရေးတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအပြင် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြစေရေး ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)