စုကလိ မေ ၁၈
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာကြီးသည် ရေ၊ မြေ၊ လေထုနေရာ အနှံ့အပြားတွင် သက်ရှိအားလုံးအတွက် နှစ်အကန့်သတ်မဲ့ နေထိုင်ခွင့်၊ အကန့်သတ်မဲ့ ဦးရေတိုးပွားခွင့်များနှင့်အတူ ကောင်းမွန်သော ရာသီဥတု လက်ဆောင်ပေးထားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင် စိမ်းစိုလန်းဆန်းခြင်း၊ အပူအအေးညီမျှခြင်း၊ ရေကောင်းရေသန့်နှင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခဲ့သော်လည်း လူသားများ၏ မဆင်မခြင်ပြုမူ နေထိုင်မှုများကြောင့် ကမ္ဘာကြီးသည် ပူနွေးလာခြင်း ဂေဟစနစ်များ ပြောင်းလဲလာပြီးသဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က မြေမျက်နှာပြင်နှင့် လေထုအတွင်း အပူရှိန်မြင့်မားလာခြင်းက ကမ္ဘာကြီးပူနွေးလာမှု၊ မြေမျက်နှာပြင်တွင် စက်ရုံအလုပ်ရုံနှင့် စက်တပ်ယာဉ်များ တိုးပွားလာခြင်းကလေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ပေါ်စေသည်။ လေထု၏ အရည်အသွေးပိုင်းကျဆင်းခြင်း၊ အပူစုပ်ယူထုတ်လွှင့်မှု အားကောင်းလာခြင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာကြီးပူနွေးမှု၏ အရိပ်လက္ခဏာများအကြောင်း အဆိုပါ အရိပ်လက္ခဏာမှ တစ်ဆင့်ရရှိနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးလိုမိုးခေါင်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး လူသားတိုင်းတွင် တာဝန်ရှိကြောင်း၊ အငယ်တန်းစာရေး(အင်အားပြ) ဒေါ်စိုးမို့မို့ဌေးက ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်သည် လူနှင့်သက်ရှိသတ္တဝါများအတွက် သဘာဝအလှတရားများက ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုဖြစ်စေပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ခြင်း၊ လူနှင့် သက်ရှိသတ္တဝါများ၏ အနာဂတ်ကမ္ဘာ လှပရေး၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ လျော့နည်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ မဆုံးရှုံးရေး၊ မြေယာမပျက်စီးရေး၊ သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ ခိုင်မြဲစွာနေထိုင်ရေး၊ စိမ်းလန်းသော နေထိုင်မှုပုံစံဖြင့် အသွင်ကူးပြောင်းရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူအားလုံးမှ စွမ်းနိုင်သမျှ ပါဝင်ကြစေလိုကြောင်းတို့ကို ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ပြည်သူ့စာကြည့်တိုက် နံရံကပ်ပြဘုတ်တွင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရမည့် အချက်များအကြောင်း သစ်ပင်များဖြင့် ပြန်လည်စိုပြေစေရေး၊ ပြည်သူလူထုများမှ ပူးပေါင်းပါဝင်နိုင်စေရေး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး အသိပညာပေး လက်ကမ်း စာစောင်များအား ပြသထားရာ မြို့နေပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ပိုပိုအောင်