စုကလိမြို့ တာနောထကျေးရွာတွင် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်

စုကလိ   မေ   ၁၉

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ စုကလိမြို့ တာနောထကျေးရွာတွင် ယခုအခါ ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေး အတွက် ကျေးရွာနေပြည်သူများထံတွင် ငှက်ဖျားပိုးတွေ့ရှိမှုများအား စစ်ဆေးခြင်း၊ ပြင်းထန်ငှက်ဖျားရောဂါပိုးကြောင့် အသက်မသေဆုံးသင့်ဘဲ သေဆုံးရခြင်းများ မဖြစ်ပေါ်စေရန်အတွက် သွေးဖောက်စစ်၍ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း၊ ပိုးရှိလူနာများအား သီးသန့်ခွဲထား၍ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ကောင်းမွန်သော ကုသခြင်းဖြစ်ပြီး အဓိကငှက်ဖျားရောဂါပိုး ထပ်မံမဖြစ်ပွားစေရန် ပြည်သူများအနေဖြင့် ခြင်းကိုက်ခံရခြင်းမှ ကင်းဝေးအောင် ဆေးစိမ်ခြင်ထောင်များ  အခမဲ့ဖြန့်ဝေပေးခြင်း၊ ခြင်းနှင့်ပိုးလောက်လန်းများပေါက်ဖွားမှုမှ ကင်းဝေးစေးရေး အဘိတ်ဆေးခတ်ခြင်းများအား တစ်ပတ်တိတိဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအား ဆုံဆည်းမြိုင်ကျေးရွာနေ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပိုပိုအောင်